မောက်မာခက်ထန်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဒေါက်ဖိနပ်အောက်မှာ ကျရှုံးခဲ့ရတဲ့ ကောင်လေးတစ်ယောက်
ဘဝအလှည့်အပြောင်းကြောင့် အခြေအနေတွေပြောင်းလဲလာချိန်မှာတော့ စနစ်တကျ အကွက်ချပြီး လက်တုံ့ပြန်ခဲ့တဲ့ ခွန်းသ
ဇာတ်လမ်းအကျဉ်း
ခွန်းသသည် ထားသခင်၏အိမ်၌ အဘိုးနှင့် နေသည်။ ခွန်းသဖခင်မှာ ထိုအိမ်မှ ခြံစောင့်ဖြစ်ပြီး သူသေသည့်နောက် ခွန်းသနှင့် သူ့အဘိုးတို့က ခြံစောင့်ရာထူးကို ဆက်ခံခြင်း ဖြစ်သည်။ ထားသခင် ပြင်ဦးလွင်သို့ အလည်လာရာ ခွန်းသနှင့် တွေ့သည်။ ခွန်းသအား နည်းလမ်းစုံ အနိုင်ကျင့်သည်။ အဘိုး၏ ဆုံးမစကားကြောင့် ခွန်းသက သည်းခံသည်။ နှစ်အတန်ကြာသော် ကံကြမ္မာ တစ်ပတ်လည်တော့သည်။ ဖခင်ကွယ်လွန်ပြီးနောက် အသုံးအစွဲမတတ်သည့် အဘွားကြောင့် ထားသခင်အတွက် ချန်ခဲ့သည့် စည်းစိမ်များ ကုန်သွားသည်။ မောက်မာသူဖြစ်ရာ ပတ်ဝန်းကျင်နှင့် အဆင်မပြေ။ နောက်ဆုံးတွင် အဆောင်၌ နေရပြီး အခန်းဖော်၏ လမ်းညွှန်မှုနှင့် ဖိနပ်ရောင်းသည့်အလုပ် ရသည်။ခွန်းသမှာ ရန်ကုန်ရောက်လာရာ ကြိုးစားသဖြင့် ကြီးပွားနေသည်။ ထားသခင် အလုပ်လုပ်နေသည်ကို တွေ့ရာ ငယ်စဉ်က ခံရသမျှကို တုံ့ပြန်တော့သည်။ ထိုသို့ဖြင့် နှစ်ဦးသား ချစ်ကြိုက်သွားသည်။
#ကျွန်မကနှင်းဆီပါမောင် #MyanmarMovies #မြန်မာဇာတ်ကားများ #Online #Games #Myanmar #OnlineGamesMyanmar