What's happening?

Video Sources 486 Views Report Error

  • ရည်းစားတစ်ဝမ်းကွဲUnknown resource
ရည်းစားတစ်ဝမ်းကွဲ

ရည်းစားတစ်ဝမ်းကွဲ

Your rating: 0
0 0 votes
JBBKX ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

JBBKX ads banner

Synopsis

”ရည်းစားတစ်ဝမ်းကွဲ” ဇာတ်ကားသည် ပျော်ရွှင်ကြည်နူးခြင်းနှင့် ချစ်ခြင်း မေတ္တာဖွဲ့ကို ပုံဖော်ရိုက်ကူးထားသည့် ဇာတ်လမ်းအမျိုးအစား ဖြစ်သော်လည်း မိမိနိုင်ငံကို ချစ်မြတ်နိုးစိတ်များ မြှင့်တင်ပေးရန်၊ စစ်မှန်သော ချစ်ခြင်းမေတ္တာသည်သာ အေးချမ်း၍ သာယာချမ်းမြေ့မှုကို ပေးနိုင်ကြောင်း ဖော်ကျူးတင်ပြရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ရိုက်ကူးထားသည့်အတွက် ပရိတ်သတ်အကြိုက်တွေ့စေမည့် ဇာတ်ကားကောင်း တစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားနှင့် ပတ်သက်၍ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ”ဒီကားလေးက ရိုက်ထားတာ နည်းနည်းလေးကြာနေပါပြီ။ ဒါပေမဲ့ ဘယ်သူမှလည်း မကြည့်ရသေးဘူး။ မကြည့်ရသေးရင် အသစ်ပဲ။ ကျွန်တော့် ကားက အပျိုကြီးမမနဲ့ တူတယ်။ ဆွဲဆောင်မှုလည်း ရှိတယ်။ ဒီနှစ်မှ ရိုက်ပြီး ဒီနှစ်မှရုံတင်တဲ့ ကားလိုတော့ ခေတ်မမီပေမဲ့လည်း ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကားဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

သရုပ်ဆောင် ဖွေးဖွေးက ”ဒီကားမှာက ကိုစိုင်းက သူဌေးသား၊ ဖွေးက အိတုံ ဇာတ်ရုပ်နဲ့လေ။ စပ်စလူး တစ်ကားလုံး မျက်စိကို နောက်နေတာပဲ။ ကိုယ်ကလည်း ကိုယ့်အပိုင်း ကိုယ်လုပ်၊ ကိုစိုင်းကလည်း သူ့အပိုင်း သူလုပ်ဆိုတော့ သိပ်တော့ မညှိလိုက် ရပါဘူး” ဟု ပြောသည်။

ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားတွင် လူချမ်းသာ သူဌေးသား ထည်ဝါ အဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ အိတုံအဖြစ် ဖွေးဖွေးတို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး မြနှင်းရည်လွင်၊ မေတ္တာ တို့နှင့်အတူ ဝါရင့် အနုပညာရှင် များစွာက အားဖြည့်ကူညီထား ကြသည်။

ရည်းစားတစ်ဝမ်းကွဲ

Director

Director

Cast

Similar titles

တစ်မျိုးမူတဲ့ ပဲခူးသူမို့လေ
အဆိပ်ပင်
လူကြီး
ဘောစိ
ကြာတော့လည်း မောင့်စကား
ချည်
တန်ဖိုးနည်းချစ်သူစီမံကိန်း
ရင်ငြိမ်းမီး
တီတီနှင့်ဒိုးနတ်
ပိုပြီးချစ်မယ့်မနက်ဖြန်
မိုးကောင်းကင်၌ တိမ်တိုက်များ
မလည်ရှုပ်

Leave a comment

Name *
Add a display name
Email *
Your email address will not be published